Sunday, January 13, 2013

ကချင်စစ်ဘေးဒုက္ခသည်တွေကို ငြိမ်းချမ်းရေးနေ့သစ်များကွန်ရက်ကလှူဒါန်း

2013-01-13
မန္တလေးမြို့အခြေစိုက် ငြိမ်းချမ်းရေးနေ့သစ်များ လူမှုကွန်ရက် အဖွဲ့ဟာ ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့ နဲ့ မြစ်ကြီးနားမြို့မှာရှိတဲ့ စစ်ဘေး ဒုက္ခသည်စခန်းတွေကို ဒီကနေ့မနက်ပိုင်းက စားနပ်ရိက္ခာနဲ့ အလှူငွေတွေ သွားရောက်လှူဒါန်း ခဲ့ကြပါတယ်။
Photo: RFA/Kyaw Myo Min
ငြိမ်းချမ်းရေးနေ့သစ်များအဖွဲ့က ကချင်ပြည်နယ် ဝိုင်းမော်မြို့ သာဂရ သရက်တောဘုန်းတော်ကြီးကျောင်းက စစ်ဘေးရှောင်ပြည်သူတွေကို လှူဒါန်းနေပုံ
ဒီစခန်းတွေမှာ မြင်တွေ့ခဲ့ရတဲ့ အခြေအနေနဲ့ပတ်သက်ပြီး ငြိမ်းချမ်းရေးနေ့သစ်များ ကွန်ရက်အဖွဲ့အဖွဲ့ဝင် ကိုဝင်းမင်းထွန်း က ဒုက္ခသည်စခန်းတွေမှာ အကူအညီတွေ လိုအပ်နေဆဲဖြစ်တာကြောင့် အဖွဲ့အစည်းတွေ လူပုဂ္ဂိုလ်တွေအနေနဲ့ ပိုလှူဒါန်းကြဖို့ကို တိုက်တွန်းလိုကြောင်း RFA ကိုပြောပါတယ်။
ဝိုင်းမော်မြို့နယ် သာဂရ သရက်တောဘုန်းတော်ကြီးကျောင်း၊ သာဂရ လီဆူး နှစ်ချင်းခရစ်ယာန်အသင်းတော်၊ မိုင်းနားကျေးရွာက နှစ်ချင်းအသင်းတော်နဲ့ စိန့်ဂျိုးဇက် ကက်သလစ်အသင်းတော်၊ မြစ်ကြီးနားမြို့က ရွှေစက်၊ မန်ခိန်၊ ဂျန်မိုင်ကောင် ရပ်ကွက်တွေမှာရှိတဲ့ ဒုက္ခသည်စခန်းတွေကို သွားရောက်လှူဒါန်းခဲ့ပါတယ်။
လှူဒါန်းခဲ့တာတွေကတော့ ဆန်အိတ် ၅၀၊ အဝတ်အထည်နဲ့ အလှူငွေအပါအဝင် စုစုပေါင်း ငွေကျပ် ၂၂သိန်းခန့် ဖြစ်ပါတယ်။
အခုလိုလှူဒါန်းဖို့အတွက် အထက်ဗမာပြည် နိုင်ငံရေးအကျဉ်းသားဟောင်းများအဖွဲ့၊ ငြိမ်းချမ်းရေးနေ့သစ်များ လူမှုကွန်ယက်အဖွဲ့နဲ့ ပန်းရဲ့လမ်းအဖွဲ့တို့က ရန်ပုံငွေရှာဖွေခဲ့တာလို့ သိရပါတယ်။

0 comments:

Post a Comment

Twitter Delicious Facebook Digg Stumbleupon Favorites More

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Best Web Host