Sunday, December 30, 2012

DPNS ကိုယ်စားလှယ်တွေ မန္တလေးအခြေစိုက် နိုင်ငံရေးအင်အားစုတွေနဲ့ တွေ့ဆုံ

2012-12-29
ထိုင်းနိုင်ငံအခြေစိုက် DPNS လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ အထွေထွေအတွင်းရေးမှူး ဦးငွေလင်း ခေါင်းဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့ဟာ မန္တလေးအခြေစိုက် အထက်ဗမာပြည် ပါတီဝင် စုစည်းရေးကော်မတီအဖွဲနဲ့ ဒီနေ့နေ့လည်ပိုင်းက မန္တလေး၊ ချမ်းမြသာစည်မြို့နယ်၊မြို့သစ် မှာ တွေ့ဆုံပြီး အစိုးရအဖွဲ့နဲ့ ဆွေးနွေးခဲ့တာတွေ၊နဲ့ပါတီရပ်တည်ရေးဆိုင်ရာကိစ္စတွေ ဆွေးနွေးခဲ့ကြပါတယ်။
လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီ ဖေ့စ်ဘွတ်စာမျက်နှာ
လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ ဥက္ကဌ ဦးအောင်မိုးဇော်
မန္တလေးမြို့မှာ လာရောက်တွေ့ဆုံဆွေးနွေးရတာနဲ့ ပတ်သက်လို့ DPNS ကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင် ဦးငွေလင်းက RFAကိုအခုလို ပြောပါတယ်။လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ အထွေထွေ အတွင်းရေးမှူး ဦးငွေလင်းဦးဆောင်တဲ့ ကိုယ်စားလှယ်(၁၀)ဦးဟာ  ရန်ကုန်၊ ပြည်၊တောင်ငူ တို့က ပါတီစုစည်းရေး
အဖွဲ့ဝင်တွေ မနေ့ညက မန္တလေးမြို့ကိုရောက်ရှိလာခဲ့တာ ဖြစ်ပြီး ဆက်ဆံရေးရုံး ရန်ကုန်မှာဖွင့်မယ့်ကိစ္စ၊ အပြန်အလှန်သဘောထားအမြင်ဖလှယ်တာ၊  ပါတီတရားဝင်
ရပ်တည်နိုင်ရေးကိစ္စတွေ၊ကိုဆွေးနွေးခဲ့ကြပါတယ်။
ကိုယ်စားလှယ်အဖွဲ့ဟာမနက်ဖြန်မှာ အထက်ဗမာပြည် ဗကသများအဖွဲ့ချုပ် ၊စိမ်းရောင်စိုအဖွဲ့တို့နဲ့လည်းတွေဆုံကြမယ်လို့ သိရပါတယ်။

0 comments:

Post a Comment

Twitter Delicious Facebook Digg Stumbleupon Favorites More

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Best Web Host