Sunday, December 16, 2012

ဇူလိုင် ၇ ရက် ကျောင်းသား အရေးတော်ပုံ ကိုယ်တွေ့ ကြုံခဲ့သူ ကျောင်းသားဟောင်းများရဲ့ ပြောပြချက်

၁၉၆၂ ခုနှစ် ဇူလိုင် ( ၇ ) ရက်နေ့မှာ ဗိုလ်ချုပ်ကြီး နေ၀င်း ဦးဆောင်တဲ့ တော်လှန်ရေး ကောင်စီက ထုတ်ပြန်ခဲ့တဲ့ မတရားတဲ့ ကျောင်းဆောင် စည်းကမ်းတွေကို ကန့်ကွက်ပြီး ရန်ကုန် တက္ကသိုလ်ဝင်း အတွင်း အာခံ ဆန့်ကျင်တဲ့ ဆန္ဒပြကြတဲ့ ကျောင်းသား ကျောင်းသူတွေကို စစ်တပ်က ရက်ရက်စက်စက် မောင်းပြန် လက်နက်တွေနဲ့ ပစ်ခတ် သတ်ဖြတ်ခဲ့ကြပါတယ်။
RFA
၁၉၆၂ ခုနှစ် ဇူလိုင်လ ၇ ရက်နေ့မှာ တွေ့ရသော ရန်ကုန် တက္ကသိုလ် ကျောင်းသားသမဂ္ဂ အဆောက်အဦ ဖြစ်ပါသည်။ ဇူလိုင်လ ၈ ရက်နေ့တွင် စစ်တပ်၏ ဗုံးဖောက်ခွဲမှုကြောင့် ကျောင်းသားသမဂ္ဂ အဆောက်အဦ ပျက်ဆီးခဲ့ရပါသည်။ (မှတ်တမ်းဓါတ်ပုံ)
ဒဂုံတာရာ ရဲ့ ဇူလိုင် ၇ ရက် ကိုယ်တွေ့
အသက် ၉၃ နှစ် ရှိပြီ ဖြစ်တဲ့ ၀ါရင့် စာရေးဆရာ၊ ကဗျာဆရာကြီး ဒဂုံတာရာဟာ ၁၉၃၈ ခုနှစ် ၀န်းကျင်က ရန်ကုန် တက္ကသိုလ်မှာ ကိုအောင်ဆန်း၊ ကိုဗဟိန်းတို့နဲ့ အတူ ကျောင်းသား သမဂ္ဂ ထိပ်ပိုင်း ခေါင်းဆောင် တဦး အဖြစ် တာဝန်ယူခဲ့သူ ဖြစ်ပါတယ်။ ဆရာကြီး ဒဂုံတာရာဟာ ၁၉၆၂ ခုနှစ် ဇူလိုင်လ ၇ ရက်နေ့က ဗိုလ်ချုပ်ကြီးနေ၀င်း အာဏာသိမ်း စစ်အစိုးရရဲ့ လက်နက်ကိုင် စစ်သားတွေက ကျောင်းသားတွေကို ပစ်ခတ်ခဲ့ အပြီး အချိန်ပိုင်း အတွင်းမှာဘဲ ရုပ်ရှင် သရုပ်ဆောင် ကောလိပ်ဂျင် နေ၀င်းနဲ့ အတူ အင်းယားလမ်းက တဆင့် တက္ကသိုလ် ကျောင်းဝင်း အတွင်း ကားတစီးနဲ့ ရောက်ရှိသွားခဲ့ပုံ၊ ကျောင်းသား ၁၀၀ ကျော်လောက် သတ်ဖြတ်ခံခဲ့ရတဲ့ အတွက် ဗကသ ကျောင်းသား ခေါင်းဆောင် သမိုင်းပညာရှင် ဒေါက်တာ သန်းထွန်းနဲ့ ဆုံတွေ့ခဲ့ရာမှာ တယောက်နဲ့ တယောက် စကားမပြောနိုင်တဲ့ အထိ စိတ်ထိခိုက်ခဲ့ရပုံ၊ နောက်တနေ့ ဇူလိုင်လ ၈ ရက်နေ့မှာ ယမ်းငွေ့တွေ သန်းနေဆဲ တက္ကသိုလ် ကျောင်းသားသမဂ္ဂ အဆောက်အဦကြီးကို ၀မ်းနည်းစွာ မြင်တွေ့ခဲ့ရပုံ၊ သမဂ္ဂ အဆောက်အဦကြီး အတွင်း ချိတ်ဆွဲထားတဲ့ အဖိုးမဖြတ်နိုင်တဲ့ ပန်းချီကားချပ်တွေနဲ့ ပတ်သက်လို့ နှမြောတသ ဖြစ်ရပုံတွေကို ပြန်ပြောင်း ပြောပြထားပါတယ်။ စာရေးဆရာကြီး ဒဂုံတာရာကို RFA အဖွဲ့သား ကိုကျော်ကျော်အောင်က ဆက်သွယ်မေးမြန်း တင်ပြထားတာ နားဆင်နိုင်ပါတယ်။
ဒဂုံတာရာ
အသံဖိုင်ယူရန်

0 comments:

Post a Comment

Twitter Delicious Facebook Digg Stumbleupon Favorites More

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Best Web Host