2012-12-17
ပြည်သူ့လွှတ်တော် တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေး ကော်မတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီကနေ့ မနက်က လက်ပန်းတောင်းတောင် သပိတ်စခန်းတွေ ဖြိုခွင်းခံရချိန်မှာ ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့တဲ့ အတွက် ရန်ကုန်ပြည်သူ့ဆေးရုံကြီး၊ အရေပြားနဲ့မေးရိုးအထူးကုဌာနမှာ တက်ရောက် ကုသနေတဲ့ သံဃာတော်တွေကို သွားရောက်တွေ့ဆုံခဲ့ပြီး၊ သံဃာတော်တွေရဲ့ ကျန်းမာရေးတိုးတက်မူ အခြေအနေတွေကို ကြည့်ရှုအားပေးခဲ့ပါတယ်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်
ဒေါ်အောင်ဆန်းစုကြည်ဟာ လက်ပန်းတောင်းတောင်သပိတ်စခန်း ဖြိုခွင်းခံရမှုမှာ
ပြင်းထန်စွာဒဏ်ရာရရှိခဲ့တဲ့ သံဃာတော်တွေကို ရန်ကုန်ပြည်သူ့ဆေးရုံမှာ
သွားရောက်တွေ့ဆုံနေစဉ်
ဒေါ်အောင်ဆန်းစုကြည် ဟာ ရန်ကုန်ပြည်သူ့ ဆေးရုံအုပ်ကြီး ဒေါက်တာ
ကျော်ကျော်နဲ့ လည်းတွေ့ဆုံပြီး ရန်ကုန်ဆေးရုံကြီး
အဆင့်မြှင့်တင်နိုင်ရေးအတွက် လိုအပ်ချက်တွေကိုလည်း
မေးမြန်းဆွေးနွေးခဲ့ပါတယ်။
ရန်ကုန်ပြည်သူ့ဆေးရုံကြီးကို ပြုပြင်မွန်းမံပြီး အဆင့်မြင့် ဆေးရုံကြီး ဖြစ်မြောက်ရေးအတွက် ကြီးကြပ်ရေးအဖွဲ့ဖွဲ့ပေးရန် ပြည်ထောင်စုအစိုးရအား တိုက်တွန်းကြောင်းအဆိုကို နိုဝင်ဘာလ ၉ ရက်နေ့က ဒေါ်အောင်ဆန်းစုကြည်က ပြည်ထောင်စုလွှတ်တော်မှာ တင်သွင်းခဲ့ပါတယ်။

0 comments:
Post a Comment