Sunday, December 16, 2012

ဝါဝါဝင်းကုမ္ပဏီကို ဆန္ဒပြနေကြတဲ့ လယ်သမားတွေ နားလိုက်ပြီ

2012-12-14
ရန်ကုန်မြို့၊ လသာမြို့နယ်က ဝါဝါဝင်း ကုမ္ပဏီရုံးရှေ့မှာ ၄၄ ရက်ကြာ ဆန္ဒ ထုတ်ဖော်နေခဲ့ကြတဲ့ လှိုင်သာယာ မြို့နယ်၊ အနော်ရထာစက်မှုဇုန် လယ်သမားတွေဟာ စုံစမ်းစစ်ဆေးရေးကော်မရှင် ရဲ့ ခေါ်ယူစုံစမ်း မေတ္တာရပ်ခံချက်ကြောင့် ပြီးခဲ့တဲ့ည က ဆန္ဒထုတ်ဖော်မှုရပ်တန့်ပြီး နေရပ်ပြန်သွားကြပြီလို့ သိရပါတယ်။
Photo: RFA
ဝါဝါဝင်းကုမ္ပဏီက သိမ်းဆည်းထားတဲ့ လယ်ယာမြေများ ပြန်လည်ရရှိရေးအတွက် လယ်သမားတွေ ရန်ကုန်မြို့ထဲမှာ စီတန်းလှည့်လည် ဆန္ဒပြနေစဉ်
ဆန္ဒထုတ်ဖော်မှု ရုပ်သိမ်းလိုက်တာဟာ  ကုမ္ပဏီနဲ့ ဆန္ဒပြသူ နှစ်ဦးနှစ်ဖက်အပေါ် စုံစမ်းစစ်ဆေးရေးကော်မရှင်ရဲ့ မေတ္တာရပ်ခံချက်ကြောင့်ဖြစ်တယ်လို့ လယ်သမားအရေးဆောင်ရွက်သူ ဦးဝင်းချိုက RFA ကို ပြောပါတယ်။

မနေ့က ဒီဇင်ဘာလ ၁၃ ရက်မွန်းလွဲပိုင်းမှာ လယ်ယာမြေစုံစမ်းစစ်ဆေးရေးရုံးမှာ  စုံစမ်းစစ်ဆေးရေးကော်မရှင်ရဲ့ ရန်ကုန်တိုင်း အဖွဲ့ဝင် ၇ ဦး၊ တိုင်ကြားထားတဲ့ လယ်သမား ၃ဝ ကျော်နဲ့ ဝါဝါဝင်းကုမ္ပဏီ အထွေထွေမန်နေဂျာတို့ ဆွေးနွေးခဲ့ကြအပြီး လယ်သမားတွေ တိုင်ကြားထားတဲ့အချက်တွေကို စစ်ဆေးခဲ့ပြီးနောက် ဒီလို သဘောတူညီမှု ရရှိခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

0 comments:

Post a Comment

Twitter Delicious Facebook Digg Stumbleupon Favorites More

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Best Web Host