2012-12-13
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ၊ ကော့မှုးမြို့နယ် ကိုယ်စားလှယ် ဒေါ်အောင်ဆန်း စုကြည်ဟာ ဒီဇင်ဘာလ ၁၃ ရက်နေ့ ဒီကနေ့ မနက်ပိုင်းက ရန်ကုန် ဝိဇ္ဇာ-သိပ္ပံတက္ကသိုလ် မှာ ကျင်းပပြုလုပ်ခဲ့တဲ့ "ရန်ကုန်တက္ကသိုလ်ဆိုင်ရာ အချက်အလက်များတင်ပြခြင်း အစည်းအဝေးပွဲ" ကို တက်ရောက်ဆွေးနွေးခဲ့ပါတယ်။
၂ဝ၁၁ ခုနှစ် သြဂုတ်လ ၂ဝ ရက်နေ့က
နေပြည်တော်တွင် ကျင်းပသည့် “စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုအတွက်
ပြုပြင်ပြောင်းလဲရေးဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ” ဒုတိယနေ့တွင်
မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို တွေ့ရစဉ်။ (Photo:
AFP)
"ရန်ကုန်တက္ကသိုလ် ပြန်လည်ပြုပြင်ရေး ကော်မတီ" က ဦးဆောင်ပြုလုပ်တဲ့
ဒီကနေ့အခမ်းအနားမှာ ကော်မတီဆိုင်ရာ ကိစ္စရပ်တွေနဲ့ ရန်ကုန် တက္ကသိုလ်
ပြန်လည်ပြုပြင်ရေး ၊ လိုအပ်တဲ့ရန်ပုံငွေ အလှူငွေ စတဲ့ကိစ္စရပ်တွေအပါအဝင်
ရှေ့ဆက်လုပ်ဆောင်မယ့် လုပ်ငန်းစဉ်တွေကို ဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။
တစ်နာရီဝန်းကျင်ကြာ ဆွေးနွေးပြီးနောက်မှာ ဒေါ်အောင်ဆန်းစုကြည်ဟာ ပင်းယဆောင်၊ စစ်ကိုင်းဆောင် နဲ့ ဘွဲ့နှင်းသဘင် ခန်းမကို လှည့်လည်ကြည့်ရှုခဲ့ပါတယ်။
ဒီကနေ့ ပြုလုပ်တဲ့ "ရန်ကုန်တက္ကသိုလ်ဆိုင်ရာ အချက်အလက်များတင်ပြခြင်း အစည်းအဝေးပွဲ" ကို ဒေါက်တာ မောင်မောင်ဝင့် ၊ ဒေါက်တာ အောင်ကျော်၊ ဒေါက်တာ တင်ထွန်း ၊ ဦးဇော်ဌေး ၊ ဒေါက်တာ မြင့်ဇူမင်း ၊ ဒေါက်တာ ခင်စောငွေ တို့အပါအဝင် ပါမောက္ခချုပ်တွေနဲ့ ညွှန်ကြားရေးမှူးချုပ်တွေ တက်ရောက်ဆွေးနွေးခဲ့ကြပါတယ်။

0 comments:
Post a Comment