Tuesday, December 25, 2012

တော်ဝင်သစ်အချောထည်စက်ရုံ ရုန်းရင်းဆန်ခတ်ဖြစ်မှုမှာ အလုပ်သမားတစ်ချို့ အရိုက်ခံရ

2012-12-25
ရန်ကုန်မြို့၊ ရွှေပြည်သာမြို့နယ် ဝါးတစ်ရာ စက်မှုဇုန် ၊ တော်ဝင်သစ်အချောထည်စက်ရုံမှာ အလုပ်လုပ်ခွင့် ငြင်းပယ်ခံနေရတဲ့ အလုပ်သမား(၂၀၀)ကျော်လောက်က စက်ရုံ ဒါရိုက်တာနဲ့ တွေ့ဆုံစကားပြောနိုင်ဖို့အတွက် စက်ရုံတွင်း ဝင်ရောက်ရာမှာ အလုပ်ရှင်ဘက်က ဝန်ထမ်းတွေနဲ့ ခိုက်ရန်ဖြစ်ပွားပြီး အလုပ်သမားတစ်ချို့ ဒဏ်ရာရရှိကာ တစ်ဦးက အခြေအနေစိုးရိမ်ရတယ်လို့ အလုပ်သမားတွေက ပြောပါတယ်။
အလုပ်သမားတွေ ရိုက်နက်ခံရတာကို ကိုယ်တွေ့ ကြုံခဲ့ရသူ အလုပ်သမားခေါင်းဆောင် မအိဇာဖြူက RFA ကို အခုလို ပြောပါတယ်။
ဒဏ်ရာရရှိတဲ့ အလုပ်သမားတွေဟာ ရွှေပြည်သာဆေးရုံမှာ တက်ရောက်ကုသနေပြီး ဒဏ်ရာ အခြေအနေဆိုးဝါးတဲ့ အလုပ်သမားတစ်ယောက်ကတော့ အင်းစိန်ဆေးရုံကို ပြောင်းလဲ ကုသဖို့ စီစဉ်နေပါတယ်။
အလုပ်ရှင်ဖက်ကပြောတာက အလုပ်သမားတွေဟာ ထမင်းစား အားလပ်ချိန်မှာ စက်ရုံဝင်းအတွင်း ခွင့်ပြုချက်မရပဲ အတင်းဝင်လာပြီး ပစ္စည်းတွေကိုပါ ဖျက်ဆီးသွားတယ်လို့ ပြောပါတယ်။
အလုပ်သမားခေါင်းဆောင်တစ်ဦးဖြစ်သူ မအိဇာဖြူကို အာအက်ဖ်အေ သတင်းထောက် မအိအိခိုင် ဆက်သွယ်မေးမြန်းထားပါတယ်။

0 comments:

Post a Comment

Twitter Delicious Facebook Digg Stumbleupon Favorites More

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Best Web Host