Tuesday, December 25, 2012

ထိုင်းနိုင်ငံမှာ ဆေးကုနေတဲ့ ဆရာတော် ဆေးရုံပြောင်းကုသ

2012-12-25
လက်ပံတောင်းတောင် ဆန္ဒပြသပိတ် စခန်းဖြိုခွဲမှုမှာ အပြင်းအထန် ဒဏ်ရာ ရရှိခဲ့လို့ ထိုင်းနိုင်ငံ ဘန်ကောက်မြို့၊ ဘန်ကောက် အထွေထွေရောဂါ ကုဆေးရုံကြီးမှာ ဆေးဝါးကုသနေတဲ့ ဆရာတော် ဦးတိက္ခဥာဏကို ဆေးကုသစားရိတ် အကုန်အကျ များတာကြောင့် မြန်မာအစိုးရက မတတ်နိုင်တော့တဲ့ အတွက် ဒီကနေ့နေ့လည် ၃ နာရီက ဘန်ကောက်မြို့ အနုဆာဝါရီ အရပ်မှာရှိတဲ့ ကင်းမောင်းဂွတ် ထိုင်း အစိုးရ စစ်ဆေးရုံကြီးကို ပြောင်းရွှေ့ကုသနေတယ်လို့ သိရပါတယ်။
မြန်မာအစိုးရက အကုန်အကျ များလွန်းတယ်လို့ ပြောတဲ့အတွက် ဒေါ်အောင်ဆန်းစုကြည်က ထိုင်းသံရုံးနဲ့ ချိတ်ဆက်ပြီး အခုလိုစီစဉ်ပေးတာ ဖြစ်ပါတယ်လို့ ထိုင်းနိုင်ငံခြားရေးဌာနက အရာရှိတယောက်က အင်္ဂလိပ်လို ဖုန်းဆက် ပြောတယ်လို့ ဆရာတော်ကို အနီးကပ်ပြုစုနေတဲ့ သမီးဖြစ်သူ မနေသန္တာခိုင်က  ပြောပါတယ်။

0 comments:

Post a Comment

Twitter Delicious Facebook Digg Stumbleupon Favorites More

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Best Web Host