2012-12-15
လက်ပန်တောင်းတောင်သပိတ်စခန်းတွေကို အာဏာပိုင်တွေက အကြမ်းဖက် ဖြိုခွဲခဲ့တာနဲ့ ပတ်သက်ပြီး ထိခိုက် ဒဏ်ရာရရှိခဲ့တဲ့ သံဃာတော်တွေကို နိုင်ငံတော်သမ္မတကိုယ်စား သမ္မတရုံးဝန်ကြီး ဦးလှထွန်းဦးဆောင်ပြီး ကျန်းမာရေးဝန်ကြီး ဒေါက်တာဖေသက်ခင်၊ မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးရဲမြင့်၊ စစ်ကိုင်းတိုင်း ဒေသကြီး ဝန်ကြီးချုပ် ဦးသာအေး၊ ရဲချုပ် ဦးကျော်ကျော်ထွန်းတို့ဟာ ဒီကနေ့ နေ့လည် ၂နာရီက မန္တလေးမြို့က အတုမရှိကျောင်းတိုက်မှာ တောင်းပန်ပွဲတစ်ရပ်ကို ကျင်းပခဲ့ပါတယ်။
မန္တလေးမြို့မှ သံဃာတော်များ ထိုင်သပိတ်စတင်
ဒီကနေ့ တောင်းပန်ပွဲကို သံဃာတော်အပါး ၁၀၀ ကျော် တက်ရောက်ခဲ့ပြီး တောင်းပန်တဲ့ စကားရပ်ကို ထေရဝါဒ သာသနာအစဉ်အလာအရ ပါဌိလို ရွတ်ဖတ်တိုင်ကြားပေးခဲ့ပြီး ဝန်ကြီးနဲ့အတူ တက်ရောက် လာတဲ့တာဝန်ရှိသူတွေက လိုက်ပါ ရွတ်ဆိုခဲ့ကြတယ်လို့ သိရပါတယ်။
မိုက်မဲတဲ့အလျောက် တွေဝေတဲ့အလျောက် မလိမ္မာတဲ့အလျောက် သံဃာတော်ကို ကိုယ်ထိလက်ရောက် ကျူးလွန်မိတဲ့ အပြစ်ကို သံဃာတော်အရှင်သူမြတ်တို့က ကရုဏာ အားဖြင့် ခွင့်လွှတ်ပေးပါရန် ရွတ်ဆိုခဲ့ကြပါတယ်။
ဒီကိစ္စနဲ့ပတ်သက်လို့ သမ္မတရုံး ပြည်ထောင်စုဝန်ကြီး ဦးလှထွန်းကို RFA အဖွဲ့သား ကိုကျော်ကျော်အောင်က မေးမြန်းတင်ပြထားတာကို နားဆင်နိုင်ပါတယ်။
0 comments:
Post a Comment