Thursday, November 29, 2012

မွန်ရွာတစ်ရွာမြန်မာစစ်တပ်ဓါးပြတိုက်

တနင်္သာရီတိုင်း၊ ရေဖြူမြို့နယ်ရှိ မွန်ကျေးရွာ တစ်ရွာဖြစ်သည့် ကျောက်ကုတင် ရွာ၌ ယခု ရက်ပိုင်း အတွင်း မြန်မာ စစ်တပ်မှ ဓါးပြ တိုက်ခဲ့သည့် အပြင် လူသတ်မှု တစ်ခုကို လည်း ပြုလုပ် ခဲ့ကြောင်း နယ်စပ် ကိုရောက်ရှိလာသော ရွာသား အချို့ပြောပြချက် အရ သိရသည်။

အဆိုပါကျေးရွာ၌ စခန်း ချလျှက် ရှိသော ခလရ (၁၀၃) မှ ဗိုလ်ကျော်ညွန်နှင့် တပည့် (၃) ဦးတို့က ယခုလ (၁) ရက်နေ့ ည (၁၁) နာရီ အချိန်ခန့်တွင် ကျေးရွာရှိ အိမ်တစ်အိမ်အား ဓါးပြ တိုက်ခဲ့စဉ် အိမ်ရှင်ဖြစ်သူ ဒေါ်ကြည် ဆိုသူ သေဆုံးသွား ခဲ့သည်ဟု ဆိုပါသည်။

သေဆုံးသူ ဒေါ်ကြည်ထံမှ နားကပ် တစ်ရန်၊ လက်စွပ်(၂) ကွင်း၊ ငွေသား (၈၅၀၀) ကျပ်ကို ဓါးပြ တိုက်သူ မြန်မာ စစ်တပ်က ယူဆောင်သွားခဲ့သည်။

သို့ရာတွင် အိမ်ရှင်ဒေါ်ကြည် မည်သို့ မည်ပုံသေဆုံးသွားသည်ကို ရွာသားများ မသိကြရဟုဆိုကြသည်။

အဆိုပါဒေါ်ကြည် သေဆုံးမှုကို လေဖြတ်သေသည် ဟုသာ သတင်းဖြန့်ရန် ဗိုလ်ကျော်ညွန့်က ကျေးရွာ အာဏာပိုင် များအား အမိန့်ပေးထားသည်။

“ရွာ ဥက္ကဌ ကလည်း စစ်တပ်ကို အသေကြောက်နေရတော့ အမှန်တရားကို မပြောရဲဘူး” ဟု နယ်စပ်သို့ရောက်ရှိ လာသော ကျောက်ကုတင် ရွာသား တစ်ဦး ပြောသည်။ တဖန် ယခုလ(၉) ရက်နေ့ ညပိုင်း၌ သေဆုံးသူဒေါ်ကြည်အတွက် သပိတ်သွပ် ဆွမ်းကျွေးရန် ရွာသားများ ချက်ပြုတ်နေစဉ် ည (၁၁) နာရီ ခန့်အချိန်တွင် မြန်မာ စစ်တပ်မှ အချိန်အခါမဟုတ် အိမ်ထဲ ဝင်ရောက် လာသဖြင့် မုဆိုးမမိမြင့် အနီးအနားသို့အော်ဟစ်အကူ အညီတောင်းခံရာ နိုင်မွန်ထောဆိုသူရွာသားတစ်ဦး အကူအညီးပေးရန်သွားရောက်သည့်အခါ ခလရ (၁၀၃) စစ်တပ်မှ ရိုက်နှက်သည့် အပြင် ထွက်ပြေးစဉ် သေနတ်ဖြင့် ပစ်ခတ်ခဲ့ပြန်သည်။

အဆိုပါ နိုင်မွန်ထော ဆိုသူမှာ သေနတ် ဒဏ်ရာ မရရှိခဲ့သော်လည်း အရိုက်နှက်ခံ ဒဏ်ရာ များကြောင့် မွန်ပြည်သစ် ပါတီ လက်အောက်ခံ ဆေးရုံ တစ်ရုံတွင် ကုသခံနေရ ဆဲဖြစ်သည်ဟု မွန်ပြည်သစ် ပါတီ ထားဝယ် ခရိုင်မှ ပေးပို့သောကြေးနန်းစာ အရ သိရသည်။

အဆိုပါ သတင်းများ မှန်ကန်သည်ဟု မွန်ပြည်သစ် ပါတီ၊ နိုင်ငံခြား ဆက်ဆံရေး ဌာန တာဝန်ခံက မွန်သတင်း ဌာန များကို အတည်ပြုပြောကြားခဲ့သည်။

ထို့အပြင် ယခုလ (၉) ရက်နေ့ ညပိုင်း၌ တွင်လည်း ခလရ (၁၀၃) မြန်မာ စစ်တပ်မှ မိအင်း ဆိုသူနေအိမ်သို့ အချိန်အခါ မဟုတ်ဝင်ရောက်ခဲ့ရာတွင် အိမ်ရှင် လှမ်းအော်သဖြင့် ရွာသား များရောက်ရှိလာပြီး မြန်မာ စစ်တပ်မှ ထွက်ပြေး ခဲ့ရသည့်ဖြစ်ရပ်လည်း ဖြစ်ပေါ်ခဲ့သည်။

အထူးသဖြင့် လင်ယောက်ျားများ မရှိသည့်နေအိမ်များကို ပစ်မှတ်ထားကား ဓါးပြတိုက်သည့်အပြင် လူသတ်မှုလည်း ကျူးလွန်ခဲ့ခြင်း ဖြစ်သည်။

အဆိုပါဖြစ်ရပ်များသည် ယခုလပိုင်း၌ ကျောက်ကုတင်ရွာ တစ်ရွာ အတွင်း ဖြစ်ပေါ်ခဲ့ခြင်းသာ ဖြစ်သည်။

ကျောက်ကုတင် ရွာသည် ရေး-ထားဝယ် ကားလမ်း မနံဘေးတွင် တည်ရှိပြီး မွန်ပြည်သစ် ပါတီ တပ်ဖွဲ့များ လာရောက် အခြေချခွင့် မရှိသည့်နောက်ပိုင်း၌ မွန်လက်နက်ကိုင် ခွဲထွက် အဖွဲ့ငယ်များ လှုပ်ရှား ရာဒေသ တစ်ခုလည်း ဖြစ်နေသည်။

0 comments:

Post a Comment

Twitter Delicious Facebook Digg Stumbleupon Favorites More

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Best Web Host