နိုင်ငံတော် ဗဟိုချုပ်ကိုင်မှုစနစ်အား လျှော့ချပြီး
ဖက်ဒရယ်အသွင်ဆောင်သည့် ဒီမိုကရေစီစနစ်သို့ တွန်း အားပေးရန် အောက်တိုဘာ ၁၈
ရက်နေ့ နေပြည်တော် တွေ့ဆုံဆွေးနွေးပွဲတွင် မွန်အမျိုးသားလွှတ်တော်
အမတ်တစ်ဦးက အမေရိကန်ကိုယ်စားလှယ်အား ပြောကြားခဲ့ပါသည်။
မွန်အမျိုးသားကိုယ်စားပြု
ကော့ဘိန်း-ကော့ကရိတ်မြို့ ကရင်ပြည်နယ် အမျိုးသားလွှတ်တော်အမတ် မင်းမျိုး
တင့်လွင်က “ဗဟိုချုပ်ကိုင်မူစနစ် လျောချဖို့ အမေရိကန်ကနေ မြန်မာအစိုးရကို
ပြောပေးဖို့ ကျနော် အဓိက ပြောသွားပါတယ်” ဟု ကောင်းဝါသို့ ပြောပါသည်။
“တိုင်းရင်းသားတွေရဲ့ ပြည်နယ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကိုယ်ပိုင်လုပ်ကိုင်နိုင်ခွင့်ရယ်၊ ပြည်သူတွေ အလုပ်အကိုင်အခွင့်အလမ်း များများရရှိဖို့ရယ်၊ ပြီးတော့ တိုင်းရင်းသားစာပေ သင်ကြားခွင့်ပေးဖို့ အတွက် အစည်းအဝေးမှာ ပြောခဲ့ပါတယ်။”
အမေရိကန်ဒုနိုင်ငံခြားရေးဌာန်နတာဝန်ခံ ဝီလရန်ဘန်း (William Burns) နှင့် မြန်မာနိုင်ငံအမေရိကန် သံအမတ် ဒါးရက်မစ်ချယ် (Derek Mitchell) တို့သည် အောက်တိုဘာ ၁၈ ရက်နေ့ မနက်ပိုင်းတွင် ချင်း၊ မွန်၊ ကရင်၊ ရခိုင်၊ ရှမ်းနှင့် ကချင် တိုင်းရင်းသားလွှတ်တော်ကိုယ်စားလှယ်များအား တစ်နာရီခန့် တွေ့ဆုံပြီး အမေရိကန်ကိုယ်စားလှယ်က တိုင်းရင်းသားဒေသတွင် လက်ရှိဖြစ်နေသည့် အခြေအနေများကို မေးမြန်း ခဲ့ကြောင်း အစည်းအဝေးတွင်ပါဝင်သည့် အမတ်များက ပြောပြပါသည်။
တိုင်းရင်းသားလွှတ်တော်အမတ်များ၏အဆိုအရ မြန်မာနိုင်ငံ၏ နိုင်ငံရေးအခင်းအကျင်း ပြောင်းလဲလာပြီး နောက် လက်ရှိအစိုးရသည် ပြည်နယ်အစိုးနှင့် ဗဟို (ပြည်ထောင်စု) အစိုးရအဖြစ် ပြီးခဲ့သည့်နှစ်က စတင်ဖွဲ့စည်းခဲ့သော်လဲ ပြည်နယ်အစိုးရ၏ ဒေသဖွံ့ဖြိုးရေးတိုးတက်မှု လုပ်ပိုင်ခွင့်အာဏာအား ဗဟိုအစိုးရမှ ကန့်သန့်မူများရှိနေပြီး မိမိတို့ဒေသဖွံ့ဖြိုးရေးအတွက် ဗဟိုချုပ်ကိုင်မူစနစ်ကို လျှော့ချကာ အိန္ဒိယကဲ့သို့ ဒီမိုကရေစီစနစ်မျိုး ထားရှိသင့်ကြောင်း ပြောပါသည်။
နိုင်ငံ၏ နိုင်ငံရေး ပြောင်းလဲမူများ ရှိနေပြီဟု အစိုးရ ထိပ်ပိုင်းမှ ပြောသော်လည်း တိုင်းရင်းသားပြည်နယ်မှ အောက်ခြေဒေသဖွံ့ဖြိုးရေးများအား ဘာမှ မျက်မြင်ကိုယ်တွေ့ မတွေ့ရသေးကြောင်း ချင်းကိုယ်စားပြု ပြည်သူ့လွှတ်တော်အမတ်ဖြစ်သည့် ဦးခွန်လိန်က ပြောပြပါသည်။
မြန်မာနိုင်ငံ၏ အဆင်းရဲနွမ်းပါးဆုံးဖြစ်သည့် ချင်းပြည်နယ်အတွက် ဒေသဖွံ့ဖြိုးရေးများ လုပ်ဆောင်ပေးရန် ပြီးခဲ့သည့် ၄ ကြိမ်မြောက်လွှတ်တော်တွင် တင်ပြခဲ့သော်လည်း ချင်းပြည်နယ်အတွက် လက်ရှိနှင့် အနာဂတ် ဒေသဖွံ့ဖြိုးရေးအတွက် လုပ်သွားမည့်အစီအစဉ်ကို အစိုးရက အပေါ်ယံမျှသာ ပြောပြသွားခဲ့ဟု သူက ထပ်မံဆိုပါသည်။
ပြီးခဲ့သည့်လက ထိုင်းနိုင်ငံ ဗဟိုချုပ်ကိုင်မူစနစ်ကို လေ့လာရန် သင်တန်းအဖြစ် တက်ရောက်ခဲ့သည့် တိုင်းရင်းသားလွှတ်တော်အမတ်များက နိုင်ငံရေးပြောင်းလဲပြီးဖြစ်သည့် ထိုင်းနိုင်ငံသည် ဒေသဖွံ့ဖြိုးရေး အတွက် ပြည်နယ်အစိုးရတွင် အာဏာအပြည့်အဝ လုပ်ကိုင်ခွင့်ရှိကြောင်း ပြန်ပြော ပြပါသည်။
“ဒီချင်းမိုင်ပြည်နယ်အစိုးရရဲ့ အုပ်ချုပ်ပိုင်ခွင့် အာဏာကို ကျနော်တို့ လေ့လာကြည့်တယ်။ အချို့ဆိုရင် သူတို့ ဌာနဆီ သွားပြီးလေ့လာ စကားပြော မေးကြည့်တယ်။ သူတို့မှာ အာဏာအပြည့်အဝရှိတယ် ထိုင်းပြည်နယ် အစိုးရရဲ့လုပ်ပိုင်ခွင့်တွေ လေ့လာထားတာ ကျနော်တို့ ဒီမှာတင်ပြမယ်။ ကျနော်တို့ပြည်နယ်ကို အုပ် ချုပ်ပိုင်ခွင့်ပေးမှ ကိုယ့်ဒေသဖွံ့ဖြိုးမူ အပြည့်အဝလုပ်နိုင်မယ်” ဟု မွန်လွှတ်တော်အမတ် မင်းမျိုးတင့်လွင်က ပြောသည်။
အိန္ဒိယ၏ ဒီမိုကရေစီစနစ်ကို သွားရောက်လေ့လာခဲ့သည့် မွန်အမတ် ဒေါက်တာဗညားအောင်မိုးက “ကျနော်တို့ လေ့လာတွေ့ရှိချက်အရဆိုရင် အိန္ဒိယက ပြည်နယ်တွေအတွက် အပြည့်အဝ အာဏာခွဲဝေ ပေးထားတယ်။ ဒါတွေ ကျနော်တို့မှာ ရှိလာအောင် စာတမ်းတွေရေးပြီး လွှတ်တော်မှာ တင်ပြဖို့ရှိတယ်” ဟု ပြောပါသည်။
![]() |

0 comments:
Post a Comment